ပျဉ်းမနားမြို့နယ်၌ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) online သင်တန်းဖွင့်လှစ်
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) online သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ် အတွင်းရှိ ဆရာ/ဆရာမများ တက်ရောက်လျက်ရှိကြသည်။