မင်းလှမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေး

မင်းလှ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်း မာရေးဦးစီးဌာနက ယမန်နေ့က ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မိုလ်းကျ စာသင်တိုက်၊ ဝေဠုဝန်စာသင်တိုက်၊ မြို့မစာသင်တိုက်၊ သဒ္ဒမ္မပဇောတာရုံ စာသင်တိုက်တို့မှ အသက်၁၅ နှစ်မှ ၁၈ နှစ်အတွင်း စုစုပေါင်း သံဃာတော် (၂၂)ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac ) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်/ ကျေးရွာများ အတွင်း ကွင်းဆင်း၍ အသက်၁၅ နှစ်မှ ၁၈ နှစ်အတွင်း ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ( မင်းလှ)