ပင်လောင်း ဧပြီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် Grade 5 သင်ရိုးသစ် နည်းပြ Online သင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Grade 5 သင်ရိုးသစ်တွင် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ သိပ္ပံ ဘာသာရပ်၊ စရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်၊ ကာယပညာဘာသာရပ်များတွင် ပါဝင်သည့် သင်ခန်း စာခေါင်းစဉ် အသီးသီးနှင့် လူမှုရေးဘာသာရပ်တွင် ဘာသာရပ်ဖွဲ့စည်းပုံ၊ Video Lesson ဖြင့် ပုဂံခေတ်၊ ရန်ကုန်တိုင်းဒေသကြီး (ပထဝီဝင်ဘာသာရပ်)၊ ကုန်းဘောင်ခေတ် (သမိုင်း ဘာသာရပ်)၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ(ပထဝီဝင်ဘာသာရပ်) သင်ခန်းစာ ခေါင်းစဉ်များ ဖြစ်လည်းကောင်း သင်ကြားပို့ချပေး မည်ဖြစ်ရာ၊ အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်တန်းကာလ ၆ ရက်တာ သင်တန်းပို့ချပေးသွားဖြစ်ပြီး၊ သင်တန်းတွင် ဆရာ/ဆရာမ ၇၈ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး