နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအားသတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

နွားထိုးကြီး ဧပြီ ၂၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှစ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူ ပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covi shleld အမျိုးအစားဖြစ်ပြီးအသက် (၁၈)နှစ် အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ (၁၁)ဦး (11 Dose) ထိုးနှံလျက်ရှိပြီး အသက် (၁၈)နှစ် အထက်ပြည်သူ(၁၅၀၄၁၁)ဦးလျာထားပြီး ယနေ့တွင်(၂၇၈၈)ဦး ထိုးနှံပြီး စုစုပေါင်း(၁၁၉၂၉၆)ဦး ဆေးထိုးပြီးဖြစ်သည်။ ကျန်ရှိသူ (၂၃၁၉၄)ဦး ဖြစ်၍ ၇၉.၃၁ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက် ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော် (ပြန်/ဆက်)