နွားထိုးကြီး ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်မှ Grade –5 သင်ရိုးသစ် ဗဟိုနည်းပြသင်တန်း Onine projecter ဖြင့်သင်ကြားပို့ချခြင်းကို နွားထိုးကြီးမြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် Grade–5 သင်ရိုးသစ် ဗဟိုနည်းပြသင်တန်းအား မြို့နယ်ပညာရေးမှူး ဦးမြင့်ကြိုင် ကြီးကြပ်၍ သင်တန်းသားဆရာ (၁၆)ဦး၊သင်တန်းသူ ဆရာမ (၁၈)ဦး၊ စုစု ပေါင်း (၃၄) ဦး တို့တက်ရောက်သင်ကြားခဲ့ကြသည်။သင်တန်းကို ဧပြီ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ပို့ချသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်