ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်) မှ Grade - 5 (သင်ရိုးသစ်)ဗဟို အဆင့် နည်းပြသင်တန်း ဖွင့်လှစ်ပို့ချပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်) မှ Grade - 5 (သင်ရိုးသစ်)ဗဟို အဆင့

ညောင်လေးပင် ဧပြီ ၂၀

ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်) မှ Grade - 5 (သင်ရိုးသစ်)ဗဟို အဆင့်နည်းပြသင်တန်း Online Projecter ဖြင့် သင်ကြားပို့ချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် Grade-5 (သင်ရိုးသစ်) ဗဟိုအဆင့် နည်းပြသင်တန်းအား ခရိုင်ပညာရေးမှူး ဒေါ်မာမာစုနှင့် မြို့နယ် ပညာရေးမှူး ဦးစောဝါးလယ်ထူးတို့ ခေါင်းဆောင်ကြီးကြပ်၍ သင်တန်းသား ဆရာ/ဆရာမ (၄၀) ဦးတို့ တက်ရောက် သင်ကြား ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်မှ ၂၅ ရက်နေ့ထိ နေ့စဉ် ၉ နာရီ မှ ညနေ ၄ နာရီအချိန်ထိ ပို့ချသင်ကြားပေးမည်ဖြစ်ပြီး ဆက်လက်၍ Grade-8 (သင်ရိုးသစ်)ဗဟိုအဆင့်နည်းပြ သင်တန်းကို ၂၈-၄-၂၀၂၂ ရက်နေ့မှ ၅-၅-၂၀၂၂ အထိလည်းကောင်း Grade-11 (သင်ရိုးသစ်) ဗဟိုအဆင့် နည်းပြသင်တန်းကို ၈-၅-၂၀၂၂ ရက်နေ့မှစ၍ ၁၈-၅-၂၀၂၂ ရက်‌နေ့အထိ ဆက်လက် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

နီနီ၀င်း