ရေကြည်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားရှိမှုရှိ/မရှိစစ်ဆေး

ရေကြည် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထိုးနှံထားရှိမှုမရှိသည့် ခရီးသွားပြည်သူများအား‌ (Sinovic) ဆေး အမျိုးအစား ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများက စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းဖြင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း mask တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ‌ပေးနေမှု ခံယူခြင်း ကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းမျိုးကွဲ အိုမီခရွန် Omicron ရောဂါကို သတိပြုကာ မိမိကစ၍ ကာကွယ်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များကို လူတိုင်းလူတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေး ထိုးနှံပေး နေခြင်းကိုလည်း အကြိမ်ပြည့် ထိုးနှံကြပါရန် စသည်တို့ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်‌ရန်အတွက်လည်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)