ရွှေကျင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းပို့ချ‌

ရွှေကျင် ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အ-ထ-က(ရွှေကျင်)ကျောင်းတွင် ပညာရေး၊သုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြား‌ ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ဆရာမ (၂၈)ဦးတို့မှ လာရောက်သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပုံ၊  Video lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သောအစားအစာပြုလုပ်နည်းနှင့် ပလပ်စတစ်အိတ်ကလေးခရီးစဉ် အစ ရှိသည့် ခေါင်းစဉ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ အဆိုပါ သင်တန်းတက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများအနေဖြင့် ရွှေကျင်မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမ(၄၀၀)ကျော်တို့အား အ-ထ-က(ရွှေကျင်)ကျောင်းတွင် ယခုသင်ခန်းစာများအား ပြန်လည်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်ရိုးသစ် (Grade-5) (ToT)online  သင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့ အထိ (၆)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)