ပေါင် ဧပြီ ၂၀
ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းကို Online ဖြင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ယနေ့မှစပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပို့ချပေးလျက်ရှိရာ ပေါင်မြို့နယ် ကျောင်းများရှိ Grad-5 ဆရာ၊ ဆရာမ(၆၈)ဦးအား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းမှာ ဧပြီလ(၂၀)ရက်နေ့တွင် မြန်မာစာဘာသာရပ်ကို လည်းကောင်း၊ ဧပြီလ(၂၁)ရက် နေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို လည်းကောင်း၊ ဧပြီလ(၂၂)ရက်နေ့တွင် သင်္ချာဘာသာရပ်ကို လည်းကောင်း၊ ဧပြီလ (၂၃)ရက်နေ့တွင် သိပ္ပံဘာသာရပ်ကို လည်းကောင်း၊ ဧပြီလ(၂၄)ရက်နေ့တွင် လူမှုရေးဘာသာရပ်ကို လည်းကောင်း၊ ဧပြီလ(၂၅)ရက်နေ့တွင် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်တို့ကို ပို့ချပေးမှာဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးထံမှ သိရသည်။
တင်ဇာစိုး