သတင်းများ

သရက်မြို့၌ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း အမိုးလန်ပျက်စီး
May 01,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ယမန်နေ့ညနေ ၄ နာရီမှ ၅နာရီခွဲ အချိန်ထိ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုတို့တွင် လူနေအိမ် (၉၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း၊ ဇရပ်(၁)ခု၊ သိမ် (၁)ခု၊ ဓမ္မာရုံ(၁)ခု၊ ဗလီ(၁)ခု အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ အထက(၁)ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
May 01,2022
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ အထက(၁)ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၆ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးမြို့တွင် စုပေါင်းသွေးလှူဒါန်းခြင်းဆောင်ရွက်
May 01,2022
၂၀၂၂ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ဦးဆောင်၍ တိုင်း/ခရိုင်/မြို့နယ် သန္ဓေ/အရန် စုစုပေါင်း အင်အား (၇၅)ဦးတို့က မေ (၁)ရက် နံနက်(၉) နာရီတွင် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
သာကေတမြို့နယ်၌ ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆို
May 01,2022
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို သာကေတ မြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊ သီလရှင် ၁၃၈၂ပါး ဖြေ ဆို
May 01,2022
အစိုးရဓမ္မာစရိယစာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန၁၀ခုဖြင့် ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁၂နာရီမှ စတင်ကျင်းပခဲ့ရာ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(ပထမနေ့) ဘာသာရပ်အား ဖြေဆိုသည့်နေ့တွင် ရဟန်း၊ သီလရှင် ၁၃၈၂ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆို
May 01,2022
သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို သာကေတမြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသ ဓမ္မဗိမာန်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ၀န်ကြီးချုပ် မော်လမြိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေမှုအားကြည့်ရှု
Apr 30,2022
မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ကျမ်းရင်းပါရာဇိက ကဏ္ဍပါဠိ အဠကထာ(၁) ဘာသာရပ်ကို ယနေ့ မွန်းတည့် ၁၂ နာရီက မော်လမြိုင်မြို့နယ် လှိုင်ရပ်ကွက် ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးအတွင်းရှိ ပြည်နယ်သံဃနာယကအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ပေးအပ်ခြင်းအခမ်းအနားပြုလုပ်
Apr 30,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။