ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး
Apr 27,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွင်းရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး သဘာဝဘေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ဦးနေမင်းထွန်းမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း၏ တည်နေရာနှင့် အကျယ်အဝန်းအခြေအနေ၊ သင်တန်းကျောင်းအတွင်းရှိ ဝန်ထမ်းအင်အား အခြေအနေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အခြေခံသင်တန်းနှင့် နည်းပြသင်တန်းများ သင်ကြားမှုအခြေအနေ၊ သင်တန်းများဖွင့်လှစ်ရန် လျာထားမှုနှင့် ဖွင့်လှစ်နိုင်မှုအခြေအနေ၊ Quarantine Center အဆောင်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။