သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက် (၁၅) နှစ်အထက် ကျောင်းပြင်ပကလေး ပထမအကြိမ် စတင်ထိုးနှံခြင်းနှင့် ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ဆေးထိုး စုရပ်များတွင် ပုံမှန်ထိုးနှံ‌ခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 27,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ရွှေတောင်မြို့နယ်အတွင်းရှိ
မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်
Apr 27,2022
မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနတွင် မြို့နယ်မီးသတ်ဦးစီးမှုးနှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြသ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်
Apr 27,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိ
Apr 27,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ သည်။
ရွှေပြည်သာမြို့နယ်၌ အိန္ဒိယနိုင်ငံမှလှူဒါန်းသော ဆန်နှင့်ဂျုံအိတ်များအား ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေ
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများအား ဖြန့်ဝေမည့် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့်ဂျုံအိတ်များအား ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၂၆ )ရပ်ကွက် ကျောင်းကုန်းရှိ အစာစပ်စက်ရုံ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်၊
လှည်းကူးမြို့နယ်၊ စစ်ပင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသော ပြည်သူများအား ကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေး
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စစ်ပင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ် နိုင်ရန်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စစ်ပင် ကျေးရွာအုပ်စုတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ငါးမျိုးစပ် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Apr 27,2022
န်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်