ချမ်းအေးသာစံ မေ ၁
အစိုးရဓမ္မာစရိယစာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန၁၀ခုဖြင့် ယမန်နေ့ နေ့လည် ၁၂နာရီမှ စတင်ကျင်းပခဲ့ရာ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(ပထမနေ့) ဘာသာရပ်အား ဖြေဆိုသည့်နေ့တွင် ရဟန်း၊ သီလရှင် ၁၃၈၂ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် သက်ဆိုင်ရာစာစစ်ဌာနအလိုက် အထူးကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်ဆရာတော်များ၊ အထွေထွေဝန်ဆောင်ဆရာတော်များနှင့် သာသနာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ကာ အလှူရှင်များမှ ဆွမ်းအလှူငွေ၊ ဖျော်ရည်နှင့် အခြားလှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်