ဖားကန့် ဧပြီ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူးဦးစိုးဝင်းကျော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းပေးအပ်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများအား ပေးအပ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ ဥရုချောင်းရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုးသန္တာဦး မြို့နယ်(ပြန်/ဆက်)