သရက်မြို့၌ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း အမိုးလန်ပျက်စီး

သရက် မေ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့ညနေ ၄ နာရီမှ ၅နာရီခွဲ အချိန်ထိ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုတို့တွင် လူနေအိမ် (၉၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း () ကျောင်း၊ ဇရပ်()ခု၊ သိမ် ()ခု၊ ဓမ္မာရုံ()ခု၊ ဗလီ()ခု အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူနေအိမ် (၉၈)လုံး အမိုးလန်ပျက်စီးမှုကြောင့် အိမ်ထောင်စု (၉၈)စု လူဦးရေ (၄၂၄)ဦး  လေဘေးသင့်ခဲ့ပြီး လေဘေးသင့်ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပိတ်ဆို့နေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း လဲကျနေသော မီးတိုင်များအား လျှပ်စစ်ဌာနမှ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)