သတင်းများ

ကြို့ပင်ကောက်မြို့တွင် အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာ
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိမြင့်တက်ခဲ့ကြောင်း မြို့နယ် မိုးလေဝသနှင့်ဇလဗေဒစခန်းမှ မြို့နယ်တာဝန်ခံ၏ ပြောကြားချက်အရသိရသည်။
ရန်ကင်းမြို့နယ်၌ Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား (Astra Zeneca)ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများ Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster (Astra Zeneca)ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster(Astra Zeneca)ထိုးနှံခြင်းကို ပြည်သူ့ကျန်း မာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များပေးအပ်
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် အသက်(၁၅)နှစ်မှစတင်၍ ကာကွယ် ဆေးထိုးနှံ‌ပေးခြင်း ဆောင်ရွက်
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၁၅)နှစ်မှစတင်၍ ကာကွယ်ဆေး ထိုးနှံခြင်းကို (၇)ရပ်ကွက်ဒေသန္တရတွင် ယမန်နေ့နံနက် ၉ နာရီအချိန်၌ ဆက်လက် ထိုးနှံပေးလျက်ရှှိသည်။
ချမ်းအေးသာစံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Apr 27,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် သရက်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများတွေ့ဆုံ
Apr 27,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းသည် သရက်ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက တေဇအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ဖြစ်ထွန်းလာစေရန်၊
ချမ်းအေးသာစံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်
Apr 27,2022
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်( Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် လော်စပီကာဖြင့် လှည့်လည်အသိ ပညာပေးခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။