သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ ရှေးဦးပြုစုနည်းသင်တန်း ဆင်းပွဲကျင်းပ
May 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန် ကျောင်း၌ လူသားချင်းစာနာ ထောက်ထား တတ်စေရန်နှင့် စေတနာ့ဝန်ထမ်းအကျိုးဆောင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ခုနှစ် စိုက်ပျိုးရာသီ မိုးနေကြာ မျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်
May 02,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီက မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအတွင်း ဆီထွက် သီးနှံနေကြာများ အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီ ဖူလုံစေရေးတို့အတွက် မိုးနေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ နေကြာမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်
May 02,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင် မဟာမင်္ဂလာစေတီဘုရားကြီး၏ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို  ယခုနှစ် နယုန်လပြည့်နေ့ (၁၃-၆-၂၀၂၂ ရက်နေ့) မွန်းလွဲ(၁)နာရီအချိန်တွင် အဆိုပါဘုရားစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာနတွင် အသက်(၂)လမှ ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
May 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အသက်(၂)လမှ ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။
ကျွန်းလှမြို့၌ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်
May 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦး ကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော လေးကျွန်းမာရ်အောင် စေတီတော် မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော် လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
May 02,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ (၁၆၃၀) အချိန်လေပြင်း တိုက်ခတ်၍ ရွှေပန်းကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာတွင် ထိခိုက်ခံရသူများအား၂၀၂၂ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရွှေပန်းကျေးရွာအုပ်စု၊ ပိတောက်မြိုင် ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
သရက်မြို့၌ အလယ်တန်း/ အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
May 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ လူငယ်၊ လူရွယ်များ ဗလငါးတန်ပြည့်စုံစေရန်နှင့် နွေရာသီ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံအင်္ဂလိပ်စာ Grammar and Essay သင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ကျေးရွာများ၌ ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားရှိ
May 02,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။