၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဇမ္ဗူသီရိမြို့နယ်၊ ‌ရွှေကြာပင်ရပ်ကွက်၊ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ ဆရာ/ ဆရာမများ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဒုတိယဝန်ကြီး ဦးဇော်ဝင်းတို့မှ သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အသီးသီးအမှာစကား ပြောကြားခဲ့ကြပြီး သင်တန်းဖွင့်လှစ်ပို့ချရန် ဆောင်ရွက်ထားရှိသည့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာ အလယ်တန်းကျောင်းများမှ သင်တန်းသား/သူ ဆရာ/ဆရာမ (၅၆၅)ဦးတို့အား (၂-၅-၂၀၂၂) ရက်နေ့မှ (၄-၅-၂၀၂၂)ရက်နေ့အထိ နေ့စဉ် (၀၉:၀၀)မှ (၁၂:၀၀) ချိန်ထိ လည်းကောင်း၊ (၁၃:၀၀)မှ (၁၆:၀၀)အချိန်ထိ လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)အတွက် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သမိုင်း၊ ပထဝီ၊ သိပ္ပံ၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ကာယ ဘာသာရပ်များအား မိမိတို့၏ တိုင်း/ပြည်နယ်များတွင် နည်းပြများအဖြစ် ပြန်လည်ပို့ချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)