ညောင်ရွှေ မေ ၂
အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ (ပါရာဇိကဘာရပ်) ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ညောင်ရွှေစာဖြေဌာနမှ သံဃာတော် (၃၅)ပါး စာရင်းပေးသွင်းထားပြီး (၂၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များစာမေး ပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှူး ဦးထက်ဇော်ထွေးနှင့် လူပုဂ္ဂိုလ်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ