မက်မန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်

မက်မန်း မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ပြည်သူများမီးဘေးအန္တရာယ် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့်   မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးတို့က မီးဘေးအန္တရာယ်ကျရောက်တတ်သည့် အခြေအနေများ၊ လူနေအိမ်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ လျှပ်စစ်မီးအသုံးပြုခြင်းနှင့်မီးဘေးအန္တရာယ်၊ ဓာတ်ဆီလောင်စာဆီတို့နှင့်ပတ်သက်၍ စနစ်တကျ လိုက်နာသုံးစွဲရမည့် အခြေအနေများစသည့် ဗဟုသုတရဖွယ်များကို ဆွေးနွေးခဲ့ကြသည်။

မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show)များအဖြစ် ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Matman Facebook Page တွင် ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ကြောင်းသိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)