ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ  (Talk Show) မြဝတီခရိုင်၌ ပြုလုပ် 

မြဝတီ မေ ၇ 

မေ(၈)ရက်နေ့တွင် ကျရောက်မည့်   ကမ္ဘာ့ကြက်ခြေနီနေ့   အထိမ်းအမှတ်    အသိပညာပေး ဆွေးနွေးပွဲ (Talk  Show)ကို ယနေ့နံနက် ၁၀နာရီက  ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍  လူထုအခြေပြု ဗဟိုဌာန (Community  Centre) ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် သက်ဆိုင်သည့် သိကောင်းစရာများကို အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးသည်။

ဆွေးနွေးပွဲတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီက နေ့ထူး၊ နေ့မြတ်နှင့် ဆိုင်သည့်   ဆွေးနွေးပွဲများ၊  ပြည်သူအကျိုးပြု လုပ်ငန်းအသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး   ဦးစိုင်းဖြိုးမောင်က   ကမ္ဘာ့ကြက်ခြေနီနေ့    ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ ရည်ရွယ်ချက်နှင့်ဆောင်ပုဒ်များ၊ ကြက်ခြေနီအသင်း ပြည်သူအကျိုးပြု လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြက်ခြေနီအသင်းအဖွဲ့၏ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ကမ္ဘာ့ကြက်ခြေနီ    အဖွဲ့အစည်းသည် လူသားတို့၏  ဘဝနှင့် ကျန်းမာရေးကို  အဓိကထား    ကာကွယ်စောင့်ရှောက်ရန်  ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းတို့ကို အသေးစိတ် ဆွေးနွေးပေးသည်။

မြဝတီခရိုင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်   ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု အသိပညာဗဟုသုတရရှိစေရန်အတွက် ပြည်သူ့အကျိုးပြု အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် စဉ်ဆက်မပြတ်ပုံမှန် ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။ 

ဇာဖြူဝင်း(ပြန်/ဆက်)