သတင်းများ

တာမွေမြို့နယ်တွင် အစိုးရ ပါဠိပထမပြန် စာမေးပွဲ စတင်ကျင်းပ
May 07,2022
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်နှင့် ပရိယတ္တိ၊ ပရိပတ္တိ သာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာသီရိလင်္ကာရာမ ကျောင်းတိုက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြင်စလူမြို့၌ (Book Club) နှင့် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ 
May 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Book Club) နှင့် (Youth Club) အဖွဲ့ဝင်များဖြင့် ဒေါက်တာမတင်၀င်း (ပညာရေးတက္တသိုလ်)ရေးသားထားသော စကားနှင်းပွင့် များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁နာရီအချိန်ခန့်က ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ English စာ အခြခံသင်တန်းဖွင့်
May 07,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ နွေရာသီ English စာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။
မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၏ ( ၆၂ ) ကြိမ်မြောက်  စာဖတ်ဝိုင်း ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ
May 07,2022
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းမှ ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)၏  (၆၂)ကြိမ်မြောက်  စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ရာ   Book Club အဖွဲ့ဝင်များ၊ စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ပုသိမ်) (၁၇)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
May 07,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၏ အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ပုသိမ်မြို့ရှိ အဆိုပါကျောင်းအဆောက်အအုံရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ကျင်းပသည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို UNESCO ဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထု အား အသိပညာပေး ဆောင်ရွက်
May 07,2022
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား UNESCO ဝင်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့်အတူ ပြည်သူလူထုပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်မှုကို ဝသဲရပ်ကွက် ဇိနမာရ်အောင်ဓမ္မာရုံအတွင်း၌ ယနေ့ နံနက် ၁၀နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံ့ ပေးအပ်
May 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၂)အုပ်စုမှ လေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက်(၁၀)နာရီက အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ကယ်ဆယ်ရေး ရန်ပုံငွေများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ  (Talk Show) မြဝတီခရိုင်၌ ပြုလုပ် 
May 07,2022
မေ(၈)ရက်နေ့တွင် ကျရောက်မည့်   ကမ္ဘာ့ကြက်ခြေနီနေ့   အထိမ်းအမှတ်    အသိပညာပေး ဆွေးနွေးပွဲ (Talk  Show)ကို ယနေ့နံနက် ၁၀နာရီက  ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍  လူထုအခြေပြု ဗဟိုဌာန (Community  Centre) ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် သက်ဆိုင်သည့် သိကောင်းစရာများကို အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးသည်။