ဧရာဝတီတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ပုသိမ်) (၁၇)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ပုသိမ်  မေ  ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၏ အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ပုသိမ်မြို့ရှိ အဆိုပါကျောင်းအဆောက်အအုံရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ကျင်းပသည်။

(၁၇)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို နံနက်၉နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ ဘွဲ့ယူမောင်မယ်များအား ဂုဏ်ပြုအမှာစကားကို Zoom Application ဖြင့်ပြောကြားသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ် အမှူးပြု၍ စီမံခန့်ခွဲရေးအဖွဲ့များနှင့် ပညာရေး အဖွဲ့ဝင်များမှ စင်မြင့်ထက်တွင်နေရာယူခဲ့ကြပြီး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော်သူရမှ အဆိုပြုချက်အတိုင်း ပြဌာန်းချက်များကို ပြဌာန်းသည်။သက်ဆိုင်ရာဘွဲ့အသီးသီးကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့က ကြေညာခြင်းခံကြရသူများအား ဘွဲ့လက်မှတ်များကို နည်းပညာတက္ကသိုလ် (ပုသိမ်)ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သူရမှ “ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သောပညာရှာမှီးမှုတို့ကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ကြိုးပမ်းဆောင်ရွက်ပါမည်ဟူသော” ကတိခံဝန်ချက် များ မေးမြန်းပြီး ဘွဲ့လက်မှတ်များအပ်နှင်းရန်အတွက် သက်ဆိုင်ရာဌာနမှူးများမှ ဘွဲ့ယူမည့်သူများကို ဒုတိယပါမောက္ခချုပ်ထံပို့ဆောင်ပေးခဲ့ရာ ဒုတိယ ပါမောက္ခချုပ်မှ အင်ဂျင်နီယာဘွဲ့ (မြို့ပြ/အီလက်ထရောနစ်/ လျှပ်စစ်စွမ်းအား/စက်မှု) ရရှိကြသူများအား ဘွဲ့လက်မှတ်များချီးမြှင့်သည်။ နည်းပညာတက္ကသိုလ်(ပုသိမ်) ဒုတိယ ပါမောက္ခချုပ် မှဘွဲ့နှင်းသဘင်မိန့်ခွန်းကိုပြောကြားသည်။

၂၀၂၂ခုနှစ် မေလ၇ ရက်နေ့တွင် အင်ဂျင်နီယာဘွဲ့ယူသူဦးရေ(၃၅)ဦးရှိကြောင်းသိရသည်။ ဘွဲ့နှင်းသဘင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ဘွဲ့ရရှိသူ မောင်မယ်များကို အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်ကျောင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံငွေငါးသိန်းပေးအပ်ရာ ဒုတိယပါမောက္ခချုပ်မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်ဆက်)