ပွင့်ဖြူ မေ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီးနေ့စဉ် ထိုးနှံဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ် အတွင်း ရှိ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများက သတ်မှတ်ဆေးထိုးစုရပ်များသို့ လာ ရောက် ပြီး ကာကွယ်ဆေး ထိုးနှံဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အကြိမ်ပြည့် ထိုးနှံနိုင်ရန်နှင့် စိတ်အေး ချမ်းစွာ ထိုးနှံနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၉)ဖွဲ့ခွဲပြီး ရပ်ကွက်/ ကျေးရွာ များအရောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးနေကြောင်းသိရကာ ဆေးထိုးစုရပ်များအလိုက် ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့က ဆေးထိုးစုရပ်(၉)ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၁၅ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၁၇၂၄ ဦး၊ Booster Dose ကာကွယ်ဆေးထိုးနှံသူ ၆၀ ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ကာကွယ်ဆေး အကြိမ်ပြည့် မဖြစ်မနေ ထိုးနှံကြရန် နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )