မိုးညှင်း မေ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ် မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တပ်မတော်သားများပူးပေါင်းကာ ယနေ့ နံနက် (၇) နာရီက ဒုတိယအကြိမ် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောင်ရှိ အဆင့်မြင့် ပညာတက္ကသိုလ်ကျောင်းများ မေလ(၁၂)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်တော့ မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် လေကောင်းလေသန့်များ ရရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး ဦးဆောင်သည့် တပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋဦးညီညီလွင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းဦးဆောင်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ တက္ကသိုလ်ပင်မဆောင်အပါအဝင် စာသင်ဆောင်(၅)ဆောင်များရှိ အမှိုက်သရိုက်များ လှည်းခြင်းနှင့် သစ်ပင်ချုံနွယ် မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပင်မဆောင်အပါအဝင် သက်ဆိုင်ရာဌာနများ အလိုက် စာသင်ဆောင်များနှင့် စာသင်ခန်းများ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာဌာနများမှ ပါမောက္ခဆရာ ဆရာမကြီးများအားတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)