ဆင်ပေါင်ဝဲ မေ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၂)အုပ်စုမှ လေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက်(၁၀)နာရီက အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ကယ်ဆယ်ရေး ရန်ပုံငွေများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံငူကျေးရွာတွင် အမိုးလန်(၁၂) အိမ်အတွက် တန်ဘိုးငွေကျပ် ၅၈၁၃၀၀/-၊လက်ပံ ကျေးရွာတွင် ပြိုကျ(၃)အိမ်၊ အမိုးလန်(၄၂)အိမ်၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ပြိုကျ မယ်သီလရှင်ကျောင်းတစ်ကျောင်းတို့အတွက် တန်ဘိုးငွေကျပ် ၃၆၇၁၆၀၀/-ကျပ်၊ စုစုပေါင်းပံ့ပိုးငွေကျပ် ၄၂၅၂၉၀၀/-ကျပ်တို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်လွင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းရွှေ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးမှူးဦးအောင်မျိုးထွန်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင်တို့က လေဘေးသင့် အိမ်ထောင်စုများ လယ်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)