ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသော အခြေခံ စက်ချုပ်သင်တန်းအား ကြည့်ရှုအားပေး

ကျောက်ဆည် မေ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီခွဲက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ထားသည့် အခြေခံစက်ချုပ်သင်တန်း သင်ကြားနေမှု အခြေနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ် သင်ကြားနေမှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသားများအနေဖြင့် စက်ချုပ်ပညာဖြင့် လက်တွေ့ နယ်ပယ်၌ မိမိတို့ နေအိမ်တွင် အိုးမကွာအိမ်မကွာနေထိုင်ပြီး  မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေ ရရှိရေးအတွက် သင်တန်းကာလတွင် စက်ချုပ်ပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူသွားကြရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

သင်တန်းတွင် အင်္ကျီချုပ်ပုံရွေးချယ်ခြင်း၊ အဝတ်အစအမျိုးအစားနှင့် အရောင်ရွေးချယ်ခြင်း၊ မိမိတို့  ချုပ်လိုသည့် အင်္ကျီပုံစံအလိုက် လက်ပြင်အကျယ်၊ လက်အတို/အရှည်၊ ခါးအတို၊အရှည်နှင့် ခန္ဓာကိုယ် အပိန်/ အဝတိုင်းတာခြင်း ပညာရပ်များဖြင့် ကောင်းမွန်ပြည့်စုံသည့် အင်္ကျီတစ်ထည်ရရှိရေး စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀)ရွာမှ သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ မေလ(၂)ရက်နေ့မှ (၂၉)ရက်နေ့အထိ(၂၈)ရက်အကြာ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်