ကလိန်အောင်မြို့ တိုက်နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း လူထုအကျိုးပြု  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကလိန်အောင် မေ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ တိုက်နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း အစီအစဉ် တစ်ရပ်ကို ယနေ့နံနက် ၈နာရီက စုပေါင်း၍ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး‌ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ဦးဆောင်မှုဖြင့် ကလိန်အောင်မြို့ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၆၅)ဦးခန့်ဖြင့်ဆေးရုံ တက်ရောက် ကုသမှု ခံယူလျက်ရှိသည့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်ရေးအတွက် တိုက်နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်း ခြုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရှိုက်များအား မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့ သွားရောက်စွန့်ပစ်ပေးခြင်း စသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့ (ပြန်/ဆက်)