ပင်းတယမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ပင်းတယ မေ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ကြို/သက်) ပညာ့ရောင်ခြည်ခန်းမဆောင်၌ မြို့နယ်အတွင်းရှိ အခြခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်လူငယ်များဖြစ်လာမည့် ကျောင်းသား/သူ လူငယ် လူရွယ်များအား ပညာသင်ကြားပေးကြရာ၊ အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ထွန်းကားပေါ်ပေါက်စေရန်ရည်ရွယ်၍ သင်ကြားပို့ချပေးမည့် ဆရာ/ ဆရာမ များ အနေဖြင့် အရည်အသွေးမြင့်မားပြီး၊ ပညာရည် ပြည့်ဝနေရန်လိုအပ်သဖြင့်၊ ကျောင်းအုပ်များ အနေဖြင့် စီးမံခန့်ခွဲမှုများနှင့် စွမ်းရည်မြင့်မားစွာဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးမှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများက ပညာရေး ဆိုင်ရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထကခွဲ(၇)ကျောင်း၊ အလကကျောင်း(၇)ကျောင်း၊ အလကခွဲ(၁၂)ကျောင်း၊ အမကကျောင်း (၇၄)ကျောင်း၊ အမကခွဲ(၄)ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၁၂၀) ရှိကြောင်းသိရသည်။

အေးအေးလတ်