ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး ( Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်

ကမမောင်း မေ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့‌နေလည်ပိုင်းအချိန်က  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဖာပွန်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်ထွန်းက ( Talk Show ) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှု ခံရပါက ကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ အမျိုးသမီးများ၏ လူမှုဘဝ မြင့်မားရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့် နည်းလမ်းများ၊ မိမိကိုယ်ကို ကာကွယ်ရမည့်အချက်များကို Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်း( ပြန်/ဆက်)