ရှမ်းပြည်နယ် ဝန်ကြီးချုပ် နည်းပြသရုပ်ပြဆရာ၊ ဆရာမအသစ်များအား ကြိုဆိုပွဲတက်ရောက်

တောင်ကြီး  မေ ၇

ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ်နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမအသစ်များအား ကြိုဆိုခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ်ကျိုင်းတုံခန်းမ၌ကျင်းသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူစွမ်းအား အရင်းအမြစ်တိုးတက်ရေးအတွက်ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသည့်  အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ နည်းပြ သရုပ်ပြ ဆရာဆရာမများအား လုပ်ငန်းတာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ပေးကြရန် ပြောကြား သွားသည်။ 

ဆက်လက်၍ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာကေသီသင် မှကြိုဆို မိတ်ဆက် စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နည်းပြ၊သရုပ်ပြဆရာ၊ ဆရာမ များအား လိုက်လံနုတ်ဆက်ကြသည်။   တောင်ကြီးတက္ကသိုလ်မှ နည်းပြ၊သရုပ်ပြဆရာ၊ ဆရာမများ စုစုပေါင်း ခန့်ထား(၃၅)ဦး၊ တာဝန်ထမ်းဆောင်(၃၄)ဦးဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)