ဆီဆိုင် မေ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်)ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းကျန်းမာရေး သွားဆရာဝန် ဒေါက်တာမေသူထိန်က သွေးလွန်တုပ်ကွေး ရောဂါအကြောင်းနှင့် ကာကွယ်ရေးနှိမ်နင်းရေးနည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့်ပတ်သက်၍ ကျောင်းသို့မလာမီနှင့် ကျောင်းပို့ချိန်၊ ကျောင်းဆင်းချိန် အတွင်း မုန့်/ထမင်းစားနားချိန်၊ ကျောင်းဆင်းချိန်တို့တွင် မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းကျန်းမာရေးကဒ် အသုံးပြုခြင်း လုပ်ငန်း လမ်းညွှန်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမ (၁၇၈)ခန့်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)