သာယာဝတီ မေ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲယနေ့ ဓမ္မသင်္ဂဏီ သဘာသာရပ်ကို မေ ၅ ရက် မွန်းတည့် ၁၂ နာရီက သာယာဝတီမြို့၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ၌ စာရင်းရှိစာဖြေသံဃာ အပါး(၇၇) စာရင်းပေးထားပြီး ဖြေဆိုသံဃာ(၆၃)ပါး၊ သီလရှင်စာဖြေ အပါး (၅) စာရင်းပေးထားင ဖြေဆို (၄) ပါး ဝင်ရောက်ဖြေဆိုကြောင်း စာမေးပွဲများကို ဩဝါဒစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေး ဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သာယာဝတီမြို့နယ်အတွင်း ဓမ္မာစရိယစာမေးပွဲကို ဧပြီ ၃၀ ရက်မှ စတင်ဖြေဆိုရာ မေ ၉ ရက်နေ့ထိ လည်းကောင်း၊ ပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ မေ ၁၃ ရက်ထိလည်းကောင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှ သိရသည်။
သန့်ဇော်