ဝေါမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ဝေါ မေ ၅ ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် အခြေခံပညာ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများစီမံခန့်ခွဲမှု စွမ်

ဝေါ မေ ၅

ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် အခြေခံပညာ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ဝေါအထကကျောင်း သီရိဇေယျာခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြို့နယ်ပညာရေးမှူး ဦးကြည်စိုး၊ အထက်တန်း ကျောင်းအုပ်ကြီး ဦးထက်လွင်ဦး၊ ဒေါ်ဝင်းဌေး ၊ ဒေါ်သန်းဌေး၊ ဒေါ်အေးအေးခိုင်တို့က ပညာရေး၊ စီမံ၊ ဘဏ္ဍာ၊ စာရင်းအင်း ၊ မူဝါဒ၊ တို့အား (၅.၅.၂၀၂၂) မှ (၆.၅.၂၀၂၂) ရက်နေ့အထိ သင်တန်းနည်းပြ (၅) ဦးမှ 'သင်တန်းသား) ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(သင်တန်းသား) (၁၂၆) ဦးအား ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)