(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့၌ သမိုင်းဝင်စေတီတော်အား သန့်ရှင်းရေးများ ဆောင်ရွက်ပြီး ရွှေကျင်တောင်စာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ်

ဖြူး မေ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က စတင်ကာ ဖြူးမြို့နယ် ကျက်သရေဆောင် ရွှေကျင်တောင် ကျောင်းအတွင်းရှိ သမိုင်းဝင် မဟာပုညမုနိစေတီတော် မြတ်ကြီးအား  စုပေါင်သန့်ရှင်းရေးများ ဆောင်ရွက်ပြီး ရွှေကျင်တောင် စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၂၀)ဦးက ရွှေကျင်တောင်ကျောင်းဝင်းအတွင်းရှိ သမိုင်းဝင် မဟာပုညမုနိစေတီတော်မြတ်ကြီးနှင့် အခြားစေတီတော်များ၊ ကျောင်းဝင်းအတွင်းတို့တွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကြပြီးနောက် ဖြူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဆောင်ကာ ရွှေကျင်တောင်စာသင် တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

နေမျိုးလွင်