သဲကုန်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်၏ ယခင်ချေးငွေများပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ ယခင်ချေးငွေများ ပြန်လည် ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးနှင့် ပတ်သတ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စည်မျဉ်း စည်းကမ်းနှင့် အညီ ထုတ်ချေးပေးမည်ဖြစ်ရာ တောင်သူများအနေဖြင့် ချေးငွေပြေကျေတဲ့ တောင်သူများကို ထုတ်ချေးမည်ဖြစ်ကြောင်း ပြောကြား၍ ပဲခူးတိုင်းဒေသကြီး မန်နေဂျာ ဦးကျော်သူရမှ ချေးငွေသစ်များ ပြန်လည်ထုတ်ချေးပေးနိုင်အတွက် ယခင်နှစ်က ချေးယူထားသော အချိန်စေ့လွန်ချေးငွေများ ပြန်လည်ပေးဆပ်ကြရေး ညှိနှိုင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ချေးငွေနှင့် ပက်သက်၍ ပေါင်းစပ်ပါဝင်ပေးပါရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက်တက်ရောက်လာသော ကျေးရွာအုပ်စုချေးငွေစိစစ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး