(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် သံဃာတော်များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ ဆပ်ကပ်လှူဒါန်း

ဝါးခယ်မ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ သံဃာတော်များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ ဆပ်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများက သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် အန္တရာယ်ကင်း ပရိတ်တရာတော်များ နာယူခဲ့ကြကြောင်းနှင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆန်၊ ဆား၊ ဆီ၊ ကြက်သွန်နီ စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝါးခယ်မမြို့တွင်းရှိ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် အားကစားပြိုင်ပွဲများလည်း ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)