အင်္ဂပူမြို့တွင် အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး (P-8) ထိုးနှံခြင်းနှင့်ထပ်ဆောင်း(Booster Dose) ကာကွယ်ဆေးများထိုးနှံပေး

အင်္ဂပူ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(P-8) ထိုးနှံပေးခြင်းနှင့်ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဆေးခန်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြိုနယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ပြီး သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Abate ဆေးများ ဝေငှပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကြီးကြပ်ရေးတာဝန်ကျ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)