သိန္နီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင်  မြန်မာ့သိုင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ

သိန္နီ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအားလပ်ရက်များတွင် လူငယ်များကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ မြန်မာ့သိုင်း အခြေခံသင်တန်းကို မေ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၉ နာရီ အချိန်တွင် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက သင်တန်းဆင်းပွဲ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့မိမြို့ဖ ဦးစိုင်းသန်းလှိုင်က သင်တန်းသား/သင်တန်းသူများအား အားပေးချီးကျူးစကားပြောကြားခြင်း၊ မြန်မာ့သိုင်းနည်းပြဆရာ စိုင်းလှဟန်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းအမှာစကားနှင့် ဂုဏ်ပြုအားပေးစကားများပြောကြားသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကို သင်တန်းတက်ရောက်မှုအတွက် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့သည်။ အဆိုပါ မြန်မာ့သိုင်း အခြေခံသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး အဆင့်မြှင့်သင်တန်းကိုလည်း ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ (သိန္နီ)