သိန္နီ မေ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပညာရေးဌာနနှင့် မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာမှုရှိစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အထက(၁)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သာသနာရေးမှူး ဦးဆန်းဖိုင်က ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့ပေါ်ရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းအား နေ့စဉ်နံနက်(၉)နာရီမှ (၁၀)နာရီအထိ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ မေလ ၅ ရက်နေ့မှ မေလ ၁၄ ရက်နေ့ထိ (၁၀) ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)