နတ်မောက်မြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေပေးအပ်

နတ်မောက်  မေ    ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဧပြီလ ၃ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ရွှေကွေ့ ကျေးရွာ၊ ကန်လှကျေးရွာနှင့် သရက်ချောင်းကျေးရွာတို့တွင် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၆၂)လုံးတို့အား မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာထောက်ပံ့ငွေများကို ယနေ့နံနံပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ပေးအပ်ရာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ရွှေကွေ့ကျေးရွာ ဘုန်တော်ကြီးကျောင်း(၁) ကျောင်းနှင့် လူနေအိမ် (၇) လုံး၊ လူဦးရေ (၃၄) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းနှင့်ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၄၇၁၄၀၀)ကျပ်၊ ထနောင်းလှကျေးရွာ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ လူနေအိမ်(၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄၄၈၅၀၀)ကျပ်၊ ကန်လှ ကျေးရွာ လူနေအိမ် (၁၄) လုံး၊ လူဦးရေ (၈၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၁၅၁၀၀)ကျပ်နှင့် သရက်ချောင်း ကျေးရွာ လူနေအိမ် (၃၁) လုံး၊ လူဦးရေ (၁၉၅) ဦး အတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၃၉၅၀၀)ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်(နတ်မောက်)