သတင်းများ

နတ်တလင်းမြို့နယ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော Bella Plus Plaster နှင်းအခြားအမှတ်တံဆိပ်ပါ Plaster များအား ဆေးဝါးမှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေး
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ် Plaster များအား ဆေးဝါး မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို ယနေ့နံနက် ၉နာရီအချိန် က ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဘားအံတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
May 06,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများသစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဓနုဖြူမြို့နယ်တွင် Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
May 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာဖတ်စွမ်းရည်နှင့် ဥာဏ်ပညာစွမ်းရည် တိုးတက်မြင့်မားလာစေရန် Community Centre ခန်းမတွင် ယမန်နေ့၊  မွန်းလွဲ(၃)နာရီအချိန်က Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုး​တိုးတက်​ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် Cash for Work စီမံကိန်းများ အကောင်အထည်​ဖော်​ ဆောင်ရွက်ရန် စီမံကိန်းကျေးရွာများ ရွေးချယ်
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး​ တိုးတက်​ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် Cash for Work စီမံကိန်းများ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ရန် စီမံကိန်း​ကျေးရွာများ ရွေးချယ်ပွဲကို မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပသည်။
လက်ပံတန်းမြို့နယ်တွင် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မကူးဆက်နိုင်သော ရောဂါများ ကာကွယ်ကုသရေး စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်များမှုကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့၌ နွေရာသီ အခြေခံအားကစားပေါင်းစုံသင်တန်း ဖွင့်လှစ်သင်ကြား
May 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်အားကစားဆပ်ကော်မတီများနှင့် ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် ကာလ အခြေခံအားကစားသင်တန်းများကို ဧပြီ ၂၅ ရက်နံနက်ပိုင်းက စတင်၍ မေလ ၁၄ ရက်ထိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်သူ့အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် Talk Show ကျင်းပ
May 06,2022
ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံကို ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်၍
ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသူ၊ ကျောင်းသားများကို စစ်တုရင် ကစားပြိုင်ပွဲနှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲပြုလုပ်
May 06,2022
ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်သို့​ ရောက်ရှိလာ​သော ​ကျောင်းသူ​၊ ကျောင်းသားများကို ယနေ့မွန်းလွဲ ၁ နာရီ ချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပ​ဆောင်ရွက်​ပေးခဲ့သည်။