လှိုင် မေ ၆
ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံကို ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀ နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာ(Community Centre) ခန်းမ၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ဦးစီးအရာရှိ ဦးကျော်ရဲအောင်က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့၏ ဆောင်ရွက်မှုများကို အသိပညာဗဟုသုတရရှိစေရန်မေးမြန်းခဲ့ရာ မြို့နယ်ကြက်ခြေနီ ဒုတိယတပ်ဖွဲ့မှူး ဦးတင်အောင်လင်းက ကြက်ခြေနီအသင်း၏ ကူညီဆောင်ရွက်နေမှုလုပ်ငန်းများ၊ ကြက်ခြေနီနေ့ကျင်းပပြုလုပ်ရခြင်း အကြောင်းအရာများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများပူးပေါင်းဆောင်ရွက်စေလိုသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)