နတ်တလင်းမြို့နယ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော Bella Plus Plaster နှင်းအခြားအမှတ်တံဆိပ်ပါ Plaster များအား ဆေးဝါးမှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေး

နတ်တလင်း  မေ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ် Plaster များအား ဆေးဝါး မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို  ယနေ့နံနက် ၉နာရီအချိန် က ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေနှင့် ဝန်ထမ်းများက Bella Plus Plaster အား ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်နှင့် import Registration No (IR) များနှင့် အခြားအမှတ်တံဆိပ် Plaster များအား ဆေးဝါးမှတ်ပုံတင်ခြင်း ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိတို့ကို မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဝေယံဖြိုး (ပြန်/ဆက်)