လက်ပံတန်း မေ ၆
ပဲခူးတိုင်းဒေသကြီး၊ သာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မကူးဆက်နိုင်သော ရောဂါများ ကာကွယ်ကုသရေး စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်များမှုကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာနခွဲ (၆) ခု၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အသက် ၄၀ နှစ်အထက် သွေးတိုး ဆီးချိုရောဂါ ရှိသူ ပြည်သူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲအလိုတ် မကူးစက်နိုင်သော ရောဂါ ကာကွယ်ကုသရေး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)