တပ်ကုန်းမြို့၌ စာဖြေ သံဃာများ/သီလရှင်များအား အနော်ရထာရပ်ကွက် စေတနာရှင်ပြည် သူများက ဆွမ်းဆက်ကပ်လှူဒါန်း
May 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့် ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီး အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာ ပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။