ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသူ၊ ကျောင်းသားများကို စစ်တုရင် ကစားပြိုင်ပွဲနှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကော့ကရိတ်မေ ၆

ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့​ ရောက်ရှိလာ​သော ​ကျောင်းသူ​ကျောင်းသားများကို ယနေ့မွန်းလွဲ ၁ နာရီ ချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပ​ဆောင်ရွက်​ပေးခဲ့သည်။

ထိုသို့​ ဆောင်ရွက်​ပေးရာတွင်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်ခင်မျိုးဝင်းက နွေရာသီ​ကျောင်းပိတ်ရက်တွင်​ ကျောင်းသူ​​ကျောင်းသားများ အချိန်ကို အကျိုးရှိစွာ အသုံးချတက်​စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်များ၊ အသိပညာဗဟုသုတများ တိုးပွား​စေ​ရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲများ ​ဆောင်ရွက်​ပေးရခြင်းဖြစ်​ကြောင်း​ ပြောကြားပြီး ကျောင်းသူ​ကျောင်းသားများကို စစ်တုရင်ကစားပြိုင်ပွဲ၊ သ​ရေကွင်းသယ် ကစားပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲတို့ ပြုလုပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)