ဓနုဖြူမြို့နယ်တွင် Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ဓနုဖြူ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာဖတ်စွမ်းရည်နှင့် ဥာဏ်ပညာစွမ်းရည် တိုးတက်မြင့်မားလာစေရန် Community Centre ခန်းမတွင် ယမန်နေ့၊  မွန်းလွဲ(၃)နာရီအချိန်က Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ကျော်ကျော်လှိုင်၏ “တန်ဖိုးရှိသောနေ့” စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်ရာ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက “နေ့စဥ်တိုးတက်မှုရှိအောင်လုပ်ပါ” ခေါင်းစဥ်အား ဆွေးနွေးခဲ့ပြီး Youth Club အသင်းမှ မဝင်းဖြူစင်သန့်နှင့် မသဇင်လင်းတို့က ‘တန်ဖိုးရှိသောနေ့’ ခေါင်းစဥ်အား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မောင်ဇေယျာလင်းမှ ‘စဉ်းစားတာတွေ မှန်နေဖို’ ခေါင်းစဥ်အား ဆွေးနွေးခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းသို့ Youth Club အသင်းဝင်များ စုစုပေါင်း(၁၁)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)