သတင်းများ

မိုးညှင်းတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲ အခမ်းအနားကျင်းပ
May 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ မိုးညှင်းတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေး
May 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် (Community Centre) ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ (Talk Show) ကျင်းပ
May 06,2022
မေလ (၈) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ဖြင့် ချောင်းဆုံမြို့နယ် (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲ တို့ပူးပေါင်းပြီး ယနေ့နံနက် (၁၁) နာရီခွဲက မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင်(၁၅၇)ပါး ဖြေဆို
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်ရှိ မဟာ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကို စတုတ္ထနေ့အဖြစ်  ယမန်နေ့ နေ့လည် ၁၂:၀၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြု မီးသတ်ကျင့်ဝတ်ဆုများချီးမြှင့်
May 06,2022
(၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်ကျင့်ဝတ်ဆုများ ချီးမြှင့်ပွဲကို ယမန်နေ့က ဂန့်ဂေါမြို့ မြို့ခင်းသာပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာ ဂန့်ဂေါခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းထက်အောင်က ဂုဏ်ပြုစကား ပြောကြားပြီး မီးသတ်ကျင့်ဝတ်ဆုရရှိသည့် အရာရှိ၊ အကြပ်၊ တပ်သား စုစုပေါင်း ၁၀ ဦးအား ဆုများချီးမြှင့်သည်။
မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
May 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စုတွင် မေလ ၅ ရက်နေ့ ညနေအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးပိုင်ဇင်စိုးနှင့်ဦးသိန်းမြင့် နေအိမ်တို့ ပြိုကျပျက်စီးခဲ့ရသည့် အိမ်တောင်စုများအား ယနေ့ မေလ ၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က လေဘေးသင့် မိသားစုများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ
May 06,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများ အားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ဘားအံမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဘာဝဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြပွဲနှင့် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲပြုလုပ်
May 06,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် သဘာဝဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြပွဲနှင့် ရှေးဦးပြုစုခြင်း စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက်(၈:၀၀)နာရီက တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။