ရေတာရှည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုး​တိုးတက်​ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် Cash for Work စီမံကိန်းများ အကောင်အထည်​ဖော်​ ဆောင်ရွက်ရန် စီမံကိန်းကျေးရွာများ ရွေးချယ်

ရေတာရှည် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး​ တိုးတက်​ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် Cash for Work  စီမံကိန်းများ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ရန်   စီမံကိန်း​ကျေးရွာများ ရွေးချယ်ပွဲကို မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပသည်။

ကျေးရွာဖွံ့ဖြိုး​တိုးတက်​ရေးလုပ်ငန်း စီမံကိန်း (VDP) စီမံကိန်း​ကျေးရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေကျပ် ၁၀ သန်း ပေးအပ်မည်ဖြစ်ပြီး တိုင်း​ဒေသကြီး ရန်ပုံငွေနင့် ကျေးရွာမှထည့်ဝင်ငွေများဖြင့် ပေါင်းစပ်​ဆောင်ရွက်လိုသည့်​ ကျေးရွာများ၊ ရွာသူ၊ ရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု တက်ကြွစွာ​​ဆောင်ရွက်လိုမှုရှိသည့် ကျေးရွာများ၊ ဖွံ့ဖြိုးရေးအမှန် တကယ်လိုအပ်ပြီး အကျိုးခံစားရမည့် အိမ်​ထောင်စုများသည့် ကျေးရွာများကို ရွေးချယ်ဆောင်ရွက်သွားမည်​ဖြစ်ပြီး Cash for Work  စီမံကိန်း​ကျေးရွာကို ဆင်းရဲနွမ်းပါးသော​ကျေးရွာ၊ ဘေးအန္တရာယ်သက်​ရောက်မှု​ကြောင့် ထိခိုက်ခံစားရ​သောကျေးရွာ၊ စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်​သောကျေးရွာ၊ အထူးစီမံကိန်းများ အ​ကောင်အထည်​ဖော်​ ဆောင်ရွက်မည့် ဧရိယာအတွင်းပါဝင်သည့် ကျေးရွာများကို ဦးစား​ပေး ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရေတာရှည်မြို့နယ်အတွင်း ကျေးရွာ​ပေါင်း (၂၉၅) ရွာ ရှိပြီး ယခုနှစ်ရွေးချယ်လိုက်သည့် ကျေးရွာ (၁၄) ရွာ အပါအဝင် ကျေးရွာဖွံ့ဖြိုး​တိုးတက်​ရေးလုပ်ငန်း စီမံကိန်း (VDP) ​ကျေးရွာ (၇၀) ရှိမည်ဖြစ်ပြီး  Cash for Work  စီမံကိန်းကျေးရွာမှာ ယခုနှစ်ရွေးချယ်သည့် ကျေးရွာ () ရွာအပါအဝင် ကျေးရွာ (၁၀) ရွာ ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အသက်​မွေးဝမ်းကျောင်းလုပ်ငန်းများ ကိုပိုမိုဆောင်ရွက်လာနိုင်ပြီး ကျေးရွာများ၏ အ​ခြေခံအ​ဆောက်အဦများလည်း ဖွံဖြိုးတိုးတက်လာမည်ဖြစ်​ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရေတာရှည်(ပြန်/ဆက်)